အုန်းဆီ၊ နှမ်းဆီ၊ သံလွင်ဆီ တစ်မျိုးမျိုးနှင့် မိနစ် ၂၀ ခန့်ပလုတ်ကျင်းပါ။ ခံတွင်းနှင့် သွေးအတွင်းမှ ပိုးမွှားနှင့်အညစ်အကြေး အဆိပ်အတောက်များကို ဖယ်ရှားပေးသည်၊ အုန်းဆီ အကောင်းဆုံး ဖြစ်သည်၊ အုန်းဆီအစစ် (virgin coconut oil) ကိုသုံးကြသည်၊ ဆီလုတ်ကျင်းရန် အကောင်းဆုံးအချိန်မှာ နံနက်အိပ်ယာထပြီး အစာမစားမီအချိန်ဖြစ်သည် – ဟုဆိုပါသည်။ ၁၄ ရက်ဆက် တိုက် တစ်နေ့တစ် ကြိမ် ဆီလုတ်ကျင်းပြီး နောင်တွင် တစ်ပါတ်လျှင် နှစ်ကြိမ် ကျင်းပါ၊ တစ်နေ့တစ်ကြိမ် ကျင်းနိုင်လျှင် ပိုကောင်းပါသည်၊ ခံတွင်းရောဂါများရှိပါက အစာစားချိန်နီးတိုင်း ဆီလုတ်ကျင်းပါ ဟုလည်း အကြံပြု ကြသည်။ ဆီလုတ်ကျင်းပြီးလျှင် ထွေးပစ်ပါ။ ထိုနောက် ရေနွေးဖြင့်ဖြစ်စေ ရေအေးနှင့်ဖြစ်စေ ပလုတ်ကျင်းသွားတိုက်ပါ။ ဆီလုတ်ကျင်း ပြီး နောက် ဆီထဲတွင်ပါသွားသော ဘက်တီးရီးယားများ ကိုယ်ထဲသို့မဝင်စေရန်အတွက် မျိုမချပဲ ထွေးပစ် သင့်သည်၊ ရေနွေးဖြင့်ပလုတ်ကျင်းပြီး သွားပါတိုက်ပစ်သင့်သည်ဟု ဆိုပါသည်။ ဆီလုတ်ကျင်းချိန်ကြာလွန်းလျှင်လည်း ဆီနှင့်တံတွေးထဲမှ ပိုးမွှား အဆိပ်အတောက်များကို ခန္ဓာကိုယ်သွေးကြောများကပြန်လည် စုပ်ယူသွား နိုင်သည်ဟု ဆိုပါသည်။ […]

Read More