Oil Pulling

Zawgyi Version

ဆီလုတ်ကျင်းခြင်း


ဆီလုတ်ကျင်းခြင်း

အုန်းဆီ၊ နှမ်းဆီ၊ သံလွင်ဆီ တစ်မျိုးမျိုးနှင့် မိနစ် ၂၀ ခန့်ပလုတ်ကျင်းပါ။ ခံတွင်းနှင့် သွေးအတွင်းမှ ပိုးမွှားနှင့်အညစ်အကြေး အဆိပ်အတောက်များကို ဖယ်ရှားပေးသည်၊ အုန်းဆီ အကောင်းဆုံး ဖြစ်သည်၊ အုန်းဆီအစစ် (virgin coconut oil) ကိုသုံးကြသည်၊ ဆီလုတ်ကျင်းရန် အကောင်းဆုံးအချိန်မှာ နံနက်အိပ်ယာထပြီး အစာမစားမီအချိန်ဖြစ်သည် – ဟုဆိုပါသည်။ ၁၄ ရက်ဆက် တိုက် တစ်နေ့တစ် ကြိမ် ဆီလုတ်ကျင်းပြီး နောင်တွင် တစ်ပါတ်လျှင် နှစ်ကြိမ် ကျင်းပါ၊ တစ်နေ့တစ်ကြိမ် ကျင်းနိုင်လျှင် ပိုကောင်းပါသည်၊ ခံတွင်းရောဂါများရှိပါက အစာစားချိန်နီးတိုင်း ဆီလုတ်ကျင်းပါ ဟုလည်း အကြံပြု ကြသည်။ ဆီလုတ်ကျင်းပြီးလျှင် ထွေးပစ်ပါ။ ထိုနောက် ရေနွေးဖြင့်ဖြစ်စေ ရေအေးနှင့်ဖြစ်စေ ပလုတ်ကျင်းသွားတိုက်ပါ။ ဆီလုတ်ကျင်း ပြီး နောက် ဆီထဲတွင်ပါသွားသော ဘက်တီးရီးယားများ ကိုယ်ထဲသို့မဝင်စေရန်အတွက် မျိုမချပဲ ထွေးပစ် သင့်သည်၊ ရေနွေးဖြင့်ပလုတ်ကျင်းပြီး သွားပါတိုက်ပစ်သင့်သည်ဟု ဆိုပါသည်။ ဆီလုတ်ကျင်းချိန်ကြာလွန်းလျှင်လည်း ဆီနှင့်တံတွေးထဲမှ ပိုးမွှား အဆိပ်အတောက်များကို ခန္ဓာကိုယ်သွေးကြောများကပြန်လည် စုပ်ယူသွား နိုင်သည်ဟု ဆိုပါသည်။ ဆီလုတ်ကျင်း ဘူးသူတို့ ၏ အတွေ့အကြုံးအရ သွားကျဉ်ခြင်း ချက်ခြင်းပျောက်သည်။ ခံတွင်းနှင့်သွား ဖြူစင်သန့်ရှင်း ချောမွေ့သည်။ ခံတွင်းသန့်ရှင်း ရောဂါကင်းသည်။ ဆံပင်ပြန်နက်သည်၊ အသားအရေချော မွေ့သည်။ ရောဂါအမျိုးမျိုးပျောက်ကင်းစေကြောင်း ရေးသားကြသည်။ ဆီလုတ်ကျင်းခြင်းသည် အိန္ဒိယ တွင် နှစ်ထောင်ပေါင်းများစွာသက်တမ်းရှိပြီး ယနေ့အနောက်တိုင်းတွင် အရေးပါလာနေသော အာယုဗေဒ ဆေးပညာ၏နည်းစံနစ်တစ်ခု ဖြစ်သည်ဟု ဆိုပါသည်။ အမေရိကန်ပြည်၌ ဤနည်းစံနစ်ကို ၁၉၉၀ ခုနှစ်လွန်ပိုင်းတွင် ဆရာဝန် ဒေါက်တာ ကာရာ (Dr. F. Karach) က စတင်ဖြန့်ဝေခဲ့သည်ဟုသိရသည်။ အုန်းဆီ၊ အုန်းသီး၊ အုန်းရေ တို့၏ ကျန်းမာရေးတန်ဘိုးများ ကမ္ဘာတွင် ခေတ်စားလာနေသည်။ စိတ်ဝင်စားသူများ အင်တာနက်တွင် ရှာဖွေလေ့လာပါ။ ဆီလုတ်ကျင်းခြင်းကို oil pulling ဟုခေါ်ပါသည်။ ဆီလုတ်ကျင်းခြင်းဆိုင်ရာ အင်တာနက်ရှိ ဆောင်းပါးတစ်ပုဒ်၊ စာအုပ်တစ်အုပ် နှင့် ဗီဒီယိုတစ်ပုဒ် တို့မှာ

Leave a Reply