ကြၽန္ေတာ္၊ ကြၽန္ူပ္ ႏွင့္ “ငါ”။

Zawgyi version

ကြၽန္ေတာ္၊ ကြၽန္ူပ္ ႏွင့္ “ငါ”

ဗမာတို႕ရဲ့ ကြၽန္ဘဝ ဘယ္တုံးကစ

ျမန္မာစကားတြင္ မိမိကိုယ္ကို မိမိညႊန္းေသာ စကားလုံး အဓိက ၃ လုံးမွာ ကြၽန္ေတာ္၊ ကြၽန္မ၊ ကြၽန္ူပ္(က်ဳပ္) ႏွင့္ “ငါ” တို႕ျဖစ္သည္။ မူလစကားလုံးအစစ္မွာ “ငါ” ျဖစ္သည္။ သားသမီးက မိခင္ ဖခင္ႏွင့္လည္း “ငါ” ႏွင့္ေျပာပါသည္။ ကြၽန္ေတာ္ (ကြၽန္မ)၊ ကြၽန္ူပ္(က်ဳပ္) တို႕မွာ မင္းစိုးရာဇာတို႕ႏွင့္ ဆက္ဆံရာတြင္ မင္းစိုးရာဇာတို႕ကိုအထက္ မိမိကိုယ္မိမိကိုေအာက္ ႏွိမ့္ခ်ျပီးေျပာဆိုရာမွ ႂကြင္းက်န္ေနခဲ့ေသာ စကားလုံးမ်ား ျဖစ္ၾကသည္။ ပယ္ေဖ်ာက္ရမည့္ စကားလုံးမ်ားျဖစ္ၾကသည္။

ကြၽန္ေတာ္ = ေတာ္ဝင္ကြၽန္ (ဘုရင္ႏွင့္ ဘုရင့္အမ်ိဳးတို႕၏ အမႈထမ္းမိသားစုမ်ား) ကြၽန္ုပ္ = ေသးႏုပ္ေသာကြၽန္ (သာမန္အရပ္သားမ်ား)

အထက္ပါ “ကြၽန္ေတာ္” ၏အဓိပၸၸါယ္ အရ မႏၱေလးသူမ်ား အဘယ္ေၾကာင့္ ကြၽန္မဟု မေျပာပဲ ကြၽန္ေတာ္ဟု ေျပာၾကသည္ကို သေဘာေပါက္ႏိုင္ပါသည္။


Unicode version

ကျွန်တော်၊ ကျွန်ူပ် နှင့် “ငါ”

ဗမာတို့ရဲ့ ကျွန်ဘဝ ဘယ်တုံးကစ

မြန်မာစကားတွင် မိမိကိုယ်ကို မိမိညွှန်းသော စကားလုံး အဓိက ၃ လုံးမှာ ကျွန်တော်၊ ကျွန်မ၊ ကျွန်ူပ်(ကျုပ်) နှင့် “ငါ” တို့ဖြစ်သည်။ မူလစကားလုံးအစစ်မှာ “ငါ” ဖြစ်သည်။ သားသမီးက မိခင် ဖခင်နှင့်လည်း “ငါ” နှင့်ပြောပါသည်။ ကျွန်တော် (ကျွန်မ)၊ ကျွန်ူပ်(ကျုပ်) တို့မှာ မင်းစိုးရာဇာတို့နှင့် ဆက်ဆံရာတွင် မင်းစိုးရာဇာတို့ကိုအထက် မိမိကိုယ်မိမိကိုအောက် နှိမ့်ချပြီးပြောဆိုရာမှ ကြွင်းကျန်နေခဲ့သော စကားလုံးများ ဖြစ်ကြသည်။ ပယ်ဖျောက်ရမည့် စကားလုံးများဖြစ်ကြသည်။

ကျွန်တော် = တော်ဝင်ကျွန် (ဘုရင်နှင့် ဘုရင့်အမျိုးတို့၏ အမှုထမ်းမိသားစုများ) ကျွန်ုပ် = သေးနုပ်သောကျွန် (သာမန်အရပ်သားများ)

အထက်ပါ “ကျွန်တော်” ၏အဓိပ္ပ္ပါယ် အရ မန္တလေးသူများ အဘယ်ကြောင့် ကျွန်မဟု မပြောပဲ ကျွန်တော်ဟု ပြောကြသည်ကို သဘောပေါက်နိုင်ပါသည်။

Leave a Reply